Image
Thursday, 15 October 2015

03:55

ရင် ဆိုတာ ရှိမှ ရဟန်း ဆိုတာရှိမယ်

တစ်နေ့ နေ့လယ်ပိုင်း ---

ကိုရင် ကျောင်းသားတွေ ၂-နာရီ စာအံနားတော့--
-ဆော့ကစားတဲ့ ဆူဆူညံညံ အသံတွေနဲ့ ---
ဆရာတော်ကြီးက မန္တလေးက ပြန်အကြွနဲ့ ဆုံတော့---

ဆရာတော်ကြီးက-
“ကိုရင်တို့- ဒီအနား မဆော့ကြနဲ့။
တပည့်တော်ကျောင်းနားက ပိုပြီးတော့ ကျယ်တယ်။
အဲဒီမှာ လာဆော့ကြ။”
လို့တောင် ခေါ်လိုက်ပါသေးတယ်။

ဗုဒ္ဓဝင်ကျောင်းကို ရောက်တော့--
ဆရာတော်ကြီးက အနီးရှိ 
ဘုန်းကြီး ဦးပဏ္ဍဝံသနဲ့ ရဟန်းတွေကို-
“ကိုရင် ကျောင်းသားအရွယ်ဆိုတာ ဆော့ကစားတတ်တဲ့ အရွယ်ဆိုတော့ 
ဆော့ကစားကြမှာပေါ့”။

“ဒီ ကိုရင်ကျောင်းသားတွေ -
တပည့်တော်တို့ ဦးဇင်းတို့ အရွယ်တွေ ရောက်လာရင်--
ငယ်ငယ်တုန်းက လို ဆော့ကစားပါဦး၊ဘောကန်ပါဦး ပြော။
ဘယ်လိုမှ မဆော့တော့ဘူးဘုရား။
အရွယ်က စကားပြောလာလိမ့်မယ်” ။

“သူတို့လေးတွေကို ပျော်အောင် မွေးရတယ်။

ကျောင်းမှာ
- ကျောင်းသားရှိမှ ကိုရင် ဆိုတာ ရှိတယ်။
-ကိုရင် ဆိုတာ ရှိမှ ရဟန်း ဆိုတာရှိမယ်။
-ရဟန်းဆိုတာ ရှိမှ သာသနာ ကို
စောင့်ရှောက်မယ့်သူ ရှိမယ်”

(ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး)

(ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋက 
ဆရာတော်ဘုရားကြီး သက်တော် ၁၀၀-ပြည့် 
အထိမ်းအမှတ် စာစောင်/နှာ -၂၉၀/
တပည့် ရွှေညာသား ကေသဝါလင်္ကာရ ရေးသားပူဇော်သော 
ထူးခြားသည့် မြတ်ထေရ်မဟာ ဆောင်းပါး)

0 comments:

Post a Comment